Saturday, November 7, 2015

ချစ်သူလေးကို နိုးပေးမယ့် Auto Callar 1.0

ချစ်သူလေးကို နိုးပေးမယ့် Auto Callar 1.0

Today

Thet Zaw by Min Oke Kar

ကဲ ဒီတစ်ခါတော့ ရည်းစားထားတဲ့ ကောင်လေးတွေ
အတွက် အဆင်ပြေမယ့် apk လေးတစ်ခုကို
တင်ပေးလိုက်ပါတယ်နော်....


ဘော်ဒါတို့ ကြုံဖူးလား "ကိုရေ ချစ်ကို မနက်ဖြန် ၅ နာရီနိုးပေးနော်
မနိုးပေးရင် စိတ်ဆိုးမှာ ...လာပီ တေပီလေ ကိုယ်ကိုတိုင်က ၈ နာရီ
မှ နိုးတဲ့ကောင်ဆိုတော့ ...စိတ်မဆိုးရအောင် ဘယ်လိုလုပ်ရပါ့"
အဲ့လို အဲ့လို ပြသနာလေးတွေ အဆင်ပြေစေဖို့ အကို ထူးဇော်ဖြိုးက
စေတနာနဲ့ Auto Callar လေး ရေးပေးလိုက်ပါတယ်..
ဘယ်နှနာရီမှာ သူ့ကိုခေါ်မယ် သူကိုင်တဲ့အထိ စောင့်မှာလား
ဒါမှမဟုတ် miss call ပဲ ပေးမှာလား စတဲ့ လုပ်ဆောင်ချက်တွေကိုတော့
apk ထဲမှာ ရွေးရမှာပါ...ကိုကတော့ ထစရာမလိုဘူးပေါ့နော့
သူပြောတာက သူ့ကို ဖုန်းခေါ်ပီးနိုးပေးရင် ရပီဆိုတော့.. ငိငိ
အဓိက ကိုယ့်ဆီက miss call သူ့မှာ ၀င်သွားရင် ရပီလေ...
နိုးတာ မနိုးတာ သူ့အပိုင်း ကိုယ့်ကိုတော့ စိတ်ဆိုးလို့ မရတော့တာ
သေချာတယ်....ငိငိ

မိမိ ထည့်သွင်းထားတဲ့ Phone Number ဆီကို
မိမိသတ်မှတ်ပေးထားတဲ့ Date / hour/ minutes ကို
 ရောက်တာနဲ့ AutoMatic ဖုန်းလှမ်းခေါ်ပေးမှာပါ။
Wait for Answer နဲ့ 
Miss Call Only ရွေးခွင့် ရှိပီးတော့ 
wait for answer ဆိုရင် repeat မလုပ်ပါဘူး
Miss Call only ဆိုရင်တော့ နောက်ဆုံး မိနစ်မကျော်မချင်း
 စက္ကန့် 20 ကို တကြိမ် Recall လုပ်ပါမယ်။ 

အောက်ကလင့်ကနေ ဒေါင်းလိုက်ပါနော်..

Download Auto Caller >>>>DOWNLOAD (292.kb)

Credit >> Htoo Zaw Phyo

လင့်သေသွားသည်ဖြစ်စေ.
ကျနော်တင်သော Post နှင့်ပတ်သပ်ပီး
အခက်အခဲတစ်စုံတစ်ရာရှိပါက
My FB Acc >> Min Oke Karchat box မှ
လာရောက်အကြံပေးစေပါတယ်ခင်ဗျာ.

ကျနော်တင်သမျှ နည်းပညာသတင်းများကို
Reader ပေါ်တွင် သပ်သပ်ဖတ်ရှုချင်ပါက
အောက်ပါ apk လေးကို Download
ဆွဲနိုင်ပါတယ်ခင်ဗျာ....
Min Oke Kar (နည်းပညာ) >>Download (1)
                                            Download (2)

Min OkeKar (ဘီလူးကျွန်းသားလေး)
နည်းပညာ

http://www.minokekar.blogspot.com/

Thursday, November 5, 2015

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်

သက်ဇော် by ThanToeAung

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ ဆောဝဲမလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာနော်။

ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာ အ၀င် Call လက်ခံလို့ရမယ်ဗျ။ အဲတာဆိုရင် Telenor Sim တခုထဲမှာ MPT ရော Telenor နံပါတ်ပါ နှစ်ခုလုံး အ၀င်ခေါ်လက်ခံလို့ရပြီဗျ။ လုံးဝ Free နော် ကျနော် လက်တွေ့ စမ်းသပ်ပြီး သုံးနေပါတယ်။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်းယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အ၀င် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ၀င်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအ၀င်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---

- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။

MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအ၀င် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။

အားလုံးအဆင်ပြေပါစေ

အဆင်မပြေသောသူများ ပြန်ဖြုတ်ချင်လျှင်

MPT Sim ကဒ် ထည့်ပြီး 1331 သို့
CF OFF လို့ရိုက်ပြီး message ပြန်ရိုက်လိုက်ပါ ။

Call forwording ပြန်ပြုတ်သွားပြီး နဂိုကအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
ref: ရက္ခ အားမာန်
အဆင်ပြေပါတယ်


Monday, October 26, 2015

"Facebook တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်"

"Facebook တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်"

သက်​​ဇော်​ဦး


Facebook သုံးစွဲသူများအနေနဲ့ လူမှုရေးမီဒီယာမှာတင်တဲ့ post တွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Facebook post တစ်ခုကြောင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရခြင်းမှ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက လှုမှုရေးမီဒီယာ သုံးစွဲသူတွေ အနေနဲ့ privacy setting အနည်းငယ်သာ အသုံးပြုနေကြတာကို သတိပေးထားပါတယ်။ ဒါကြောင့် လှုမှုရေးမီဒီယာ သုံးစွဲသူတွေ သတိပြုနိုင်ဖို့ Facebook မှာလုံးဝ မတင်သင့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြသွားပါမယ်။ ဒီအချက်တွေက Facebook သုံးစွဲသူနဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာပါ။

(၁၀) အိမ်အပြင်ထွက်မည့် အကြောင်း

Facebook သုံးစွဲသူတွေဟာ အားလပ်ရက် ခရီးထွက်ခြင်း ဒါမှမဟုတ် ညဘက် အပြင်ထွက်ခြင်းစတဲ့ အိမ်ကနေ အပြင်ထွက်မယ့်အချိန်ကို လူတွေသိစေမယ့် post မျိုး မတင်သင့်ကြောင်း Huffington Post က ဖော်ပြခဲ့ဖူးပါတယ်။ Facebook က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ လူတွေကိုအသိပေးဖို့ Facebook Places feature ထောက်ပံ့မှု ပေးထားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လူတွေကို သင်ဘယ်မှာဆိုတာ အသိပေးဖို့ သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ friend list ထဲမှာ မယုံကြည်ရတဲ့ လူတွေ ပါဝင်လာနိုင်ပါတယ်။ ဥပမာဆိုရရင် သင်က Facebook ပေါ်မှာ ချစ်သူနဲ့ ဒီည ရုပ်ရှင်သွားကြည့်မယ်ဆိုတာ တင်လိုက်တဲ့အခါ သင်အိမ်မှာ နာရီအနည်းငယ်ခန့် မရှိတဲ့အကြောင်းကို သူခိုးတွေက သိသွားမှာပါ။ အဲဒီအချိန်အတိုင်းအတာက သင့်အိမ်ကို ကောင်းကောင်း ဖောက်ထွင်းနိုင်ပါတယ်။

(၉) ဖုန်းနံပါတ်

Facebook profile ဒါမှမဟုတ် သုံးစွဲသူရဲ့ ဖုန်းနံပါတ်တင်ထားဟာ လုံခြုံမှုမရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိတ်ဆွေများရဲ့ ဖုန်းနံပါတ်ကို Facebook group များမှာ ရှာဖွေနိုင်တဲ့ developer တွမ်စကော့ရဲ့ “Evil” app နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို Huffington Post က ဖော်ပြဖူးပါတယ်။ အဲဒီ app နဲ့ ရှာဖွေရာမှ ရလာတဲ့ ဖုန်းနံပါတ်တွေကို လူအများ မြင်တွေ့နိုင်တဲ့ နေရာမှာ ဖော်ပြပေးပါတယ်။ “Evil” ဟာ သင့်ရဲ့ဖုန်းနံပါတ်ကို ရယူနိုင်တဲ့ app တစ်မျိုးပါ။ ဒါ့အပြင် ဈေးကွက်ရှာဖွေရေးကို ခုတုံးလုပ်ခြင်း ဒါမှမဟုတ် အများပြည်သူ ဖုန်းလမ်းညွှန်များ အသုံးပြုပြီး ဖုန်းနံပါတ်များကို ရယူလေ့ရှိကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ “ကျွန်တော့် ဖုန်းပျောက်သွားပါတယ်။ ဖုန်းနံပါတ်တွေ ပြန်ပို့ပေးကြပါ” ဆိုပြီး ရေးထားတဲ့ post တွေ မတင်သင့်ပါဘူး။

(၈) ဖွင့်ဟဝန်ခံချက်

Facebook မှာ တစ်ကိုယ်ရေ အချက်အလက်တွေကို မဖော်ပြတာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်အလက်တွေကို တရားတဘောင် ရင်ဆိုင်ရာမှာ သက်သေအဖြစ် အသုံးပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ သူဌေးကို ဘယ်လောက်မုန်းတီးတဲ့ အကြောင်း ဒါမှမဟုတ် အဆင်ခြင်မဲ့တဲ့ လုပ်ရပ် ဒါမှမဟုတ် ဥပဒေပြင်ပ လုပ်ရပ်တွေ လုပ်နေတဲ့ ပုံတွေတင်မယ်ဆိုရင် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။

(၇) ပတ်သက်ဆက်နွယ်မှု

သင့်ရဲ့ Facebook profile မှာတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများနဲ့ ပတ်သက် ဆက်နွယ်မှုတွေကို ဖော်ပြဖို့ မသင့်တော်ဘူးလို့ လုံခြုံရေးကျွမ်းကျင်ပညာရှင် အန်ဒီအိုဒေါ်နယ်က ပြောပါတယ်။ တစ်ကိုယ်ရေ တစ်ကာယသမား တစ်ယောက်ဖြစ်သူက သူတစ်ပါးကို လိုက်လံနှောက်ယှက်တတ်သူတွေကို နားလည်မှုလွဲမှားပြီး စကားစတင်ပြောလာအောင် အခွင့်အရေးပေးရာ ကျပါတယ်။ ဒါ့အပြင် သင်ဟာ တစ်ကိုယ်ရေသမား ဖြစ်တဲ့အတွက် အိမ်မှာတစ်ယောက်ထဲရှိတာကို လူတွေကို သိစေပါတယ်။ သင့်အနေနဲ့ လုံခြုံမှုကို အလေးထားတယ်ဆိုရင် relationship status ကို မဖြည့်တာ အကောင်းဆုံးပါ။

(၆) မွေးဖွားသည့် နေ့နှင့်နေရာ

Facebook သုံးစွဲသူတွေဟာ ၎င်းတို့ မွေးတဲ့နေ့နဲ့ နေရာကို မတင်သင့်ဘူးလို့ CBS News ကဖော်ပြခဲ့ပါတယ်။ သင့်ရဲ့မွေးနေ့ကို ကြည့်ပြီး လူမှုလုံခြုံရေး ကိန်းဂဏန်းကို အပြည့်အဝမဟုတ်တောင်မှ အများစုကို ကိုယ်ရေးအချက်အလက် ခိုးယူသူတွေက တိတိကျကျ ခန့်မှန်းမိပါတယ်။

(၅) လက်ရှိတည်နေရာ

လူအများစုဟာ အမြဲတစေ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေကို သူငယ်ချင်းတွေ သိရှိစေဖို့အတွက် Facebook မှာ ဖော်ပြလေ့ရှိတယ်။ ဒါဟာ Facebook မှာပါဝင်တဲ့ ပျော်စရာ feature တစ်ခုပါ။ ဒါပေမယ့် သင်အပြင် ရောက်နေတာကို အိမ်ဖောက်ထွင်းမယ့် သူတွေသိသွားနိုင်ပါတယ်။

(၄) မသင့်တော်သည့် ဓာတ်ပုံများ

ကုမ္ပဏီဝန်ထမ်းအများစုက သူတို့နဲ့ ရာထူးတစ်ခုအတွက် ယှဉ်ပြိုင်မယ့်သူတွေရဲ့ Facebook profile များကို ကြည့်ရှုတတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Facebook ပေါ်မှာ ပြစ်မှုမကင်းတဲ့ ဓာတ်ပုံတွေကို မတင်သင့်ပါဘူး။

(၃) Password

လူတွေဟာ Facebook ပေါ်မှာ password တွေဝေမျှတတ်ကြလေ့ရှိတာကို မယုံနိုင်အောင် တွေ့ရပါတယ်။ Facebook မှာ မဝေမျှဖို့ နံပါတ်တစ်အဖြစ် စာရင်းသွင်းထားတာက password တွေဝေမျှတဲ့ ကိစ္စပါ။ သင်အယုံကြည်ရဆုံးသူ တစ်ယောက်နဲ့ password ဝေမျှတာလည်း အန္တရာယ်များပါတယ်။ Password ကြောင့် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် သင့်ရဲ့ Facebook password ကို ချစ်သူကို ပေးထားတယ်။ သင်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ သင်မနှစ်သက်သူ တစ်ယောက်က သင့်ရဲ့ အချက်အလက်နဲ့ account ကို အသုံးပြုနိုင်တဲ့ အခြေအနေရောက် နေတာကို မြင်တွေ့လာမှာပါ။

(၂) အိမ်လိပ်စာ

လူပေါင်း ၄၀ ရာခိုင်နှုန်းက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်မှာ အိမ်လိပ်စာတွေ ဖော်ပြထားလေ့ရှိတယ်လို့ CBS သတင်းဌာနက တင်ပြခဲ့ဖူးပါတယ်။ အဲဒီ ၄၀ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်းဟာ privacy setting များနဲ့ သူတို့ရဲ့ သတင်းအချက်အလက်တွေကို သူစိမ်းတွေ လာရောက်ကြည့်ရှုတာ ခွင့်ပြုထားပါတယ်။ ရာခိုင်နှုန်း ၆၀ ရှိတဲ့ လူများက သူတို့ friend list ထဲကလူတော်တော်များများကို မယုံကြည်ရတဲ့သူတွေဖြစ်ပြီး သူတို့နဲ့ သိရုံသာသိတဲ့ သူတွေလို့ ဖြေကြားခဲ့ပါတယ်။ ပိုနီမွန်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းအရ လူမှုရေးမီဒီယာ သုံးစွဲသူတွေဟာ မသုံးစွဲသူတွေထက် ကိုယ်ရေးအချက်အလက် ခိုးယူခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၁) ကလေးပုံများ tag ပြုလုပ်ခြင်း

မိဘအများစုက သူတို့ကလေးတွေအတွက် ဂုဏ်ယူကြပါတယ်။ ကလေးရဲ့ပုံကို မိတ်ဆွေတွေကို ပြတာ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း တစ်ခုသတိပြုသင့်တာက လူမှုရေးမီဒီယာပေါ်မှာ လူပေါင်းများစွာ ရှိပါတယ်။ သင့်ရဲ့ကလေးကို ကာကွယ်လိုရင် profile ကို တင်းကျပ်မထားဘူးဆိုရင် ကလေးရဲ့ပုံကို တင်ခြင်း ဒါမှမဟုတ် tag မပြုလုပ်တာ အကောင်းဆုံးပါဆိုပြီး How Stuff Works က အကြံပေးထားပါတယ်။ အွန်လိုင်းမုဆိုးတွေက အင်တာနက်အသုံးပြုပြီး ကလေးကိုရှာဖွေ နှောင့်ယှက်လေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ Facebook ပေါ်မှာ ကလေးရဲ့ဓာတ်ပုံကို ဝေမျှရင် သတိထားသင့်ပါတယ်။ အလုံခြုံဆုံးနည်းလမ်းကတော့ သင်အနေနဲ့ မိသားစုဓာတ်ပုံတွေ ဝေမျှချင်ရင် profile ကို ကန့်သတ်မှု ပြုလုပ်ထားသင့်ပါတယ်။

Ref: TheRichest

http://internetjournal.media/article/4333

Saturday, October 24, 2015

1-stop apk

http://adf.ly/1PFLXE

မဲ​ပေးရန်

မိမိတို့မဲဆ​န္ဒနယ်​​မြေရှိကိုယ်​စားလှယ်​​လောင်းများ၏အမည်​စာရင်း၊ကိုယ်​​ရေးရာဇဝင်​ကိုသိရှိစေရန်​၊​အောက်​ပါ apk အား download ဆွဲရန်​ http://adf.ly/1QU5VR

Thursday, October 22, 2015

7 day news

အောက်တိုဘာ ၂၂၊  ၂၀၁၅ (ကြာသပတေး)၊ ညနေခင်း သတင်းလွှာ

အဝေးသင်တက္ကသိုလ် အနီးကပ်ရက်ပြောင်းလဲ
 

အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုကျောင်းသူ၊ ကျောင်းသားများတက်ရောက်ရမည့် အနီးကပ်သင်တန်းပို့ချမည့်ရက်ကို နိုဝင်ဘာ ၁၁ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။   
ယခင်က အနီးကပ်သင်တန်းပို့ချမည့်ရက်ကို နိုဝင်ဘာ ၉ ရက်နှင့် စာမေးပွဲဖြေဆိုရမည့် ရက်ကို နိုဝင်ဘာ ၂၁ ရက်တွင် ဖြေဆိုရမည် ဟု ကြေညာထားသော်လည်း နိုဝင်ဘာ ၁၀ ရက်သည် အများပြည်သူ ရုံးပိတ်ရက် ဒီပါဝလီနေ့ဖြစ်သောကြောင့် ပြောင်းလဲသတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။   
‘‘နဂိုက အနီးကပ်ကို ၉ ရက် သတ်မှတ်ထားတာ။ အဲဒီမှာ နိုဝင် ဘာ ၁၀ ရက်က အစိုးရရုံးပိတ်ရက် ဒီပါဝလီနေ့ဖြစ်လို့ နိုဝင်ဘာ ၁၁ ရက်ကို ရွှေ့လိုက်တာပါ’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဖိလစ်ပိုင်တွင် ပစ်ခတ်မှုတစ်ခုအတွင်း တရုတ် ကောင်စစ်ဝန်ရုံး အရာရှိနှစ်ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံရှိ စားသောက်ဆိုင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားရာ တရုတ် ကောင်စစ်ဝန်ရုံး အရာရှိနှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူရှိ စားသောက်ဆိုင် တစ်ခုတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ အခြား တရုတ် ကောင်စစ်ဝန် အရာရှိ တစ်ဦးမှာလည်း ဒဏ်ရာ ရရှိသွားသည်။ သေဆုံးသူများမှာ လက်ထောက် ကောင်စစ်ဝန်နှင့် သံရုံး ဘဏ္ဍာရေး အရာရှိတို့ ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရခဲ့သူမှာ ကောင်စစ်ဝန် ဆွန်ရွန်ဟွာဖြစ်သည်။

ကောင်စစ်ဝန်သည် စားသောက်ဆိုင်တွင် ၎င်း၏ မွေးနေ့ပါတီပွဲ ကျင်းပနေစဉ် ယခုလို ပစ်ခတ်မှု ပေါ်ပေါက်လာခြင်းဟု သိရသည်။ ဆွန်သည် လည်ပင်းတွင် ဒဏ်ရာရခဲ့သော်လည်း ဆေးရုံတွင် ကုသမှု ခံယူကာ အခြေအနေ တည်ငြိမ်နေပြီဟု သိရသည်။

အောက်တိုဘာ ၂၁ ရက် ဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ကောင်စစ်ဝန်ရုံးတွင် အလုပ်လုပ်သည့် အမျိုးသမီး တစ်ဦးနှင့် သူမ၏ ခင်ပွန်းသည်တို့ကို ဖမ်းဆီးထားလိုက်သည်။ သို့သော် မည်သူမည်ဝါ ပစ်ခတ်ခဲ့သည် ဆိုခြင်းမှာမူ သတင်းဖော်ပြချက်များ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

“ပစ်ခတ်မှု ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်”ဟု ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်သည့် ပရူဒန်စီယို ဘာနက်စ်က ဆိုသည်။ ကောင်စစ်ဝန်၏ လက်ထောက်ဖြစ်သူ ဆွန်ရှန်းမှာ လည်ပင်းတွင်လည်းကောင်း၊ ဘဏ္ဍာရေး အရာရှိ အမျိုးသမီး လီဟွီမှာမူ ဦးခေါင်းတွင်လည်းကောင်း အသီးသီး သေနတ်ထိမှန် သေဆုံးခဲ့သည်။

အခင်းဖြစ်ရာ နေရာမှ ပစ္စတို သေနတ် တစ်လက်ကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဝီလ်ဘန်မေယာက AFPသို့ ပြောကြားခဲ့သည်။

နာမည်ကြီး စားသောက်ဆိုင် တစ်ခုဖြစ်သည့် Lighthouse၏ မန်နေဂျာ စတီဖန်ဂျွန် ပါတဲရိုက ပစ်ခတ်မှုသည် သီးသန့်ခန်း တစ်ခုထဲတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ ဒေသခံ နိုင်ငံရေးနှင့် သံတမန်ရေးရာ အရာရှိများသည် စားသောက်ဆိုင်တွင် သီးသန့်ခန်းများ မှာယူ အသုံးပြုလေ့ ရှိသည်။

“ကြည့်ရတာတော့ အားလုံးက ခင်ခင်မင်မင်ပါပဲ။ ရုတ်တရက် တစ်ခုခု အချင်းများရာက ပစ်ခတ်ကုန်ကြတာလို့ ထင်တယ်”ဟုလည်း ပါတဲရိုက မှတ်ချက်ပေးခဲ့သည်။ မနီလာရှိ တရုတ်သံရုံးနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အဆိုပါ ဖြစ်ရပ်ကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

_Ref: CNN

Read more on 7DayDaily.com

ADVERTISEMENT

ShareTweetForward+1Read Later7Day Daily © 2014 An Information Matrix Company Limited. All rights reserved.

unsubscribe from this list    update subscription preferences 

Facebook   |   Twitter   |   YouTube

Thursday, October 15, 2015

အမေစုရဲ့သမိုင်းကြောင်းကိုလွယ်ကူစွာလေ့လာမှတ်သားနိုင်မယ့် - ဒေါ်အောင်ဆန်းစုကြည်.v2.0 Apk ♫

♪ အမေစုရဲ့သမိုင်းကြောင်းကိုလွယ်ကူစွာလေ့လာမှတ်သားနိုင်မယ့် - ဒေါ်အောင်ဆန်းစုကြည်.v2.0 Apk 


ဒေါ်အောင်ဆန်းစုကြည်အကြောင်း profile ကို အကျဉ်းချုပ်မျှဖော်ပြထားပြီး ဖတ်ရှုလို့ ကောင်းပါတယ်။
ငယ်စဉ်ကလေးဘဝမှ စပြီးယခုအချိန်ထိတိုင် ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကို ရေးသားထားပါတယ်ဗျ။
ဖတ်ရှုလို့ လွယ်ကူစေရန် တစ်စုတစ်စည်းတည်းပြုလုပ်ထားပါတယ်...
စာလုံးပေါင်းသတ်ပုံ မှားနေသည်မှာ မူရင်းဆိုဒ်အတိုင်းဖော်ပြချင်လို့ပါ.....
Apk ကို ဖွင့်စဉ် အင်တာနက် တစ်မိနစ်လောက်ဖွင့်ပေးထားပါ
Background ပေါ်လာအောင်လို့ပါ
စာလုံးဆိုဒ်ကို နည်းနည်းကြီးထားပါတယ်ကျေးဇူးတင်ပါတယ်။
  
မူရင်းlink blog....ဒေါင်အောင်ဆန်းစုကြည်အကြောင်း အပိုင်း ၁ မှ ၆ အထိ
http://nldamarapura.blogspot.com/?m=1



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>  ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

www.pyaephyo.com

Visit website