Thursday, September 22, 2016

♪ Ooredoo SIM ကတ်များကို အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်နိုင်ပြီး ဆုလက်ဆောင်များရယူနိုင် ♫


Ooredoo Myanmar မှ ပထမဆုံး အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်ကိုယ်ကျ လွယ်ကူစွာ ဆင်းကတ်မှတ်ပုံတင်နိုင်မယ့် ၀န်ဆောင်မှုကို မိတ်ဆက် လိုက်ပါတယ် ။Ooredoo Myanmar မှ သုံးစွဲသူများအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်တဲ့  အွန်လိုင်းမှ တစ်ဆင့် SIM ကတ် မှတ်ပုံတင်နိုင်မယ့် ၀န်ဆောင်မှုအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်တယ်လို့  စက်တင်ဘာလ(၂၁) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ် ။

မိုဘိုင်းဖုန်းအသုံးပြုသူများအနေနဲ့ ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် သက်ဆိုင်ရာအော်ပရေတာ အမှတ်တံဆိပ်အရောင်းဆိုင်သို့ သွားစရာမလိုဘဲ မြန်ဆန်လွယ်ကူအဆင်ပြေစွာ သုံးစွဲသူကိုယ်တိုင် အွန်လိုင်းမှ မှတ်ပုံတင်နိုင်စေမယ့် ဒီ ၀န်ဆောင်မှုကို Ooredoo က ပထမဆုံး မိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။


 

Ooredoo အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ဆင်းကတ်မှတ်ပုံတင်ထားခြင်းရှိ/ မရှိကို *666# သို့ ခေါ်ဆိုပြီး ကိုယ်တိုင်စစ်ဆေးနိုင်ပြီး ဆင်းကတ်မှတ်ပုံတင်ထားခြင်းမရှိပါက အွန်လိုင်းကနေအလွယ်တကူ ကိုယ်တိုင်မှတ်ပုံတင်နိုင်ဖို့ လင့်ခ်တစ်ခုကို ပေးပို့မယ့် စာတိုတစ်စောင်ကို လက်ခံရရှိမှာဖြစ်ပါတယ် ။ 3G/4G မိုဘိုင်းအင်တာနက်ကို ဖွင့်ပြီး စာတိုထဲမှာပါရှိတဲ့ လင့်ခ်ကို နှိပ်က အွန်လိုင်းကနေ ဆင်းကတ်မှတ်ပုံတင်ခြင်းကို ကိုယ်တိုင်စတင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ် ။

နောက်တစ်ဆင့်အနေနဲ့ ရှေ့/နောက်ဓာတ်ပုံရိုက်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဓာတ်ပုံ file ကို ပူးတွဲပေးပို့ ကာ လျှောက်ထားခြင်း ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ပါတယ် ။ မှတ်ပုံတင်ပြီးပါက အောင်မြင်စွာမှတ်ပုံတင်ပြီးစီးကြောင်း စာတိုတစ်စောင်လက်ခံရရှိမှာဖြစ်ပြီး ထိုသို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံ တင်ခြင်းအတွက် ဆုလက်ဆောင်လည်းရရှိမှာဖြစ်တယ်လို့ သိရပါတယ် ။

အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ အတွက် (၂၄)နာရီပတ်လုံး အချိန်မရွေးပြုလုပ်နိုင်ပြီး Ooredoo အမှတ်တံဆိပ်အရောင်းဆိုင်များမှာ ကိုယ်တိုယ် မှတ်ပုံတင် ချင်သူတွေအနေနဲ့ကတော့ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ (သို့) ကျောင်းသားကတ်မိတ္တူ (သို့) ယာဉ်မောင်းလိုင်စင်မိတ္တူတို့ကို တပါတည်းယူဆောင်လာဖို့လိုအပ်တယ်လို့သိရပါတယ် ။ 

Ooredoo ရဲ့ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု (B2B service) ကို ရယူထားတဲ့ လုပ်ငန်းများအနေနဲ့လည်း မိမိနဲ့ သက်ဆိုင်တဲ့ အကောင့်မန်နေဂျာကို ဆက်သွယ်ပြီး ဆင်းကတ်မှတ်ပုံတင်ခြင်း ကို ပြုလုပ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ် ။

Credit to ==> Digital Times


Tuesday, September 20, 2016

♪ Facebook Login Approvals ကို အသုံးပြုပြီး Facebook အကောင့်ကို လုံခြုံရေးနှစ်ထပ်ဖြင့် ကာကွယ်နည်း ♫


Facebook, Google အပါအ၀င် ၀က်ဆိုက်များစွာက 2-Step Verification ဆိုတဲ့ လုံခြုံရေးနှစ်ထပ် နည်းစနစ်ကို ပံ့ပိုးပေးထားပြီး သူတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူများရဲ့ အကောင့်များကို ကာကွယ်ခွင့်ပေးထားပါတယ်။ Google ကတော့ အဲဒီ လုံခြုံရေးနည်းစနစ်ကို 2-Step Verification လို့ ခေါ်ပြီး Facebook ကတော့ Log In Approval လို့ ခေါ်ပါတယ်။ ဘယ်လိုပဲ ခေါ်သည်ဖြစ်စေ နည်းစနစ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒီ နည်းစနစ်က သင့်အကောင့်ကို သင့်ဖုန်းနဲ့ ပူးချည်ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ဖုန်းဟာ သင့်အကောင့်ရဲ့ သော့တစ်ချောင်းပဲ ဖြစ်ပါတယ်။

Login Approvals ဆိုတာ
Login Approvals နည်းစနစ်ကို အသုံးပြုရင် သင့်အကောင့်ရဲ့ User Name, Password ကို အခြားလူတစ်ယောက်က ခိုးယူသွားရင်လည်း သင့်ဖုန်းဟာ ခိုးယူသူထံမှာ မရှိတဲ့ အတွက် သင့်အကောင့်ထဲကို ခိုးယူသူက ၀င်လို့ မရနိုင်ပါဘူး။

Facebook Login Approval ကို အသုံးပြုရင် သင် အသုံးမပြုဖူးတဲ့ ဘရောက်စာ သို့မဟုတ် Device တစ်ခုကနေ သင့်အကောင့်ကို ၀င်ရင် User Name, Password ထည့်ပေးရပါမယ်။ အဲဒီနောက်မှာ Facebook က သင့်ဖုန်းထံ ကုဒ်တစ်ခု ပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ကုဒ်ကို ထပ်ထည့်ပေးမှသာ သင့်အကောင့်ထဲကို ၀င်နိုင်မှာပါ။ Facebook က ကုဒ်ပို့ပေးတာကို မစောင့်ချင်ရင် Code Generator ကို အသုံးပြုနိုင်ပါတယ်။

အရင်တုန်းက Facebook က မြန်မာနိုင်ငံက တစ်ခုတည်းသော Mobile Carrier ရဲ့ ဖုန်းများထံ ကုဒ်မပို့ပေးတဲ့ အတွက် Login Approvals ကို အသုံးပြုလို့ မရခဲ့ပါဘူး။ အခုတော့ Telenor က သူ့ရဲ့ ဖုန်းကို အသုံးပြုရင် Facebook ရဲ့ Login Approvals ကို အသုံးပြုနိုင်ပါတယ်လို့ Facebook မှာ ကြေညာထားတဲ့ အတွက် ဒီဆောင်းပါးကို ရေးသားပေးလိုက်ရတာ ဖြစ်ပါတယ်။

Login Approvals ကို Enable ပြုလုပ်ခြင်း။ 
ပထမဆုံး Facebook ရဲ့ Settings ထဲသွားပြီး Mobile ကဏ္ဍမှာ တယ်လီနော ဖုန်းကို Add ပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ Security ထဲသွားပြီး Login Approvals ထဲသွားပါ။ “ Require a security code…….” မှာ အမှန်ခြစ်ပေးပါ။


နောက်အဆင့်မှာ Get Started ကိုနှိပ်ပါ။


သင့်ဖုန်း အမျိုးအစားကို ရွေးပေးပြီး Continue ကိုနှိပ်ပါ။


သင့်ရဲ့ ဖုန်းမှာ Code Generator ကို Activate လုပ်ခိုင်းပါလိမ့်မယ်။ Activate လုပ်ပြီးမှ Continue ကိုနှိပ်ရမှာ ဖြစ်ပါတယ်။


ဖုန်း မှ Facebook ကို ဖွင့်ပြီး Menu ကနေ Code Generator ထဲသွားပါ။ Activate ကိုနှိပ်ပါ။
သင့်ဖုန်းမှ Code Generator မှာ ကုဒ်တွေ ပေါ်လာရင် ကုဒ်ကို ထည့်ပေးပြီး Confirm ကိုနှိပ်ပါ။


နောက်အဆင့်မှာ Continue ကိုနှိပ်ပါ။


ပြီးရင် သင့်ဖုန်းထံ ပေးပို့ထားတဲ့ Confirmation Code ကို ထည့်သွင်းပေးပြီး Continue ကိုနှိပ်ပါ။


နောက်အဆင့်မှာ သင့် Facebook ရဲ့ Password ကို တောင်းရင် ထည့်ပေးပြီး Submit ကိုနှိပ်ပါ။


နောက်အဆင့်မှာ Login Approvals ကို ချက်ချင်း အသုံးပြုဖို့ “No thanks….. “ မှာ အမှန်ခြစ်ပေးပြီး Close ကိုနှိပ်ပါ။

 
Login Approvals Code
သင့်ဖုန်း သင့်နားမှာ မရှိတဲ့ အချိန်များမှာ သင့်အကောင့်ထဲ ၀င်ချင်တယ်ဆိုရင် အခက်မတွေ့စေဖို့ Facebook က နည်းလမ်းတစ်ခုကို ပြုလုပ်ပေးထားပါသေးတယ်။ အဲဒါကတော့ Login Approvals Code ဖြစ်ပါတယ်။ Login Approvals ထဲပြန်သွားပြီး Get codes ကို နှိပ်ပါ။


သင့် Facebook ရဲ့ Password ကို တောင်းရင်ထည့်ပေးပါ။ ကုဒ်ဆယ်ခု ပေးပါလိမ့်မယ်။ ကုဒ်တစ်ခုကို တစ်ခါသာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ကုဒ်များကို သေချာမှတ်သားထားပါ။


App Passwords
သင်ဟာ Login Approvals ကို အသုံးပြုနေချိန်မှာ အချို့ Facebook Apps များဟာ လုံခြုံရေးကုဒ်များကို လက်ခံနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် Facebook Apps များအတွက် App Passwords ကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Security Settings ထဲသွားပြီး App Passwords ထဲဝင်ပါ။ Generate app passwords ကိုနှိပ်ပါ။

အင်တာနက်မှာ အကောင့်များ ဖောက်ထွင်းခံနေရတဲ့ သတင်းများ မကြာခဏ ဆိုသလို ကြားနေရပါတယ်။ အဲဒီအတွက် သင့်အကောင့်များကို လုံခြုံစေဖို့အတွက် Login Approvals ဆိုတဲ့ နည်းစနစ်ကို အသုံးပြုသင့်ကြောင်း ရေးသားပေးလိုက်ပါတယ်။

Credit to ==> Myanmar Digital Life Journal

Sunday, September 18, 2016

♪ တယ်လီနော ဆင်းကတ်မှတ်ပုံတင်ထားရှိမှုကို စစ်ဆေးရန် ကုတ်နံပါတ်တို တစ်ခုကို ထပ်မံ မိတ်ဆက် ♫


တယ်လီနောမြန်မာလီမိတက် (တယ်လီနော)၏ မိုဘိုင်း ၀န်ဆောင်မှု များကို သုံးစွဲနေကြသူများအနေဖြင့် မိမိတို့၏ ဆင်းကတ်များ မှတ်ပုံတင်ထားရှိမှု အခြေအနေ ကို စစ်ဆေးသိရှိနိုင်ရန် နည်းလမ်းသစ်တစ်ခုကို ထပ်မံ မိတ်ဆက်လိုက်ပါသည်။ ယနေ့မှစတင်ကာ သုံးစွဲသူများ အနေဖြင့် 9793*3# ကို ဖုန်းခေါ်ဆိုပြီး မိမိ၏ ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို အလွယ်တကူ စစ်ဆေးနိုင်ပြီ ဖြစ်ပါသည်။ 

တယ်လီနောသည် သုံးစွဲများအနေဖြင့် ယင်းတို့၏ ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို စစ်ဆေးသိရှိ ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုနည်းလမ်းအပြင် အခြားနည်းလမ်းများကို မိတ်ဆက်ထားပြီးလည်း ဖြစ်ပါ သည်။ စစ်ဆေးမှုကို မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင် ၉၀ ဆိုင်ခန့် သို့ သွားရောက်၍ သော်လည်းကောင်း၊ တယ်လီနော ကောလ်စင်တာသို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း စစ်ဆေးနိုင်ပါသည်။ ထို့အပြင် စာတို SMS ပို့ခြင်းဖြင့် စစ်ဆေးရန် ‘REG’ စာလုံးကိုရိုက်ပြီး ဖုန်းနံပါတ် ‘၅၀၀’ သို့လည်း  ပေးပို့ စစ်ဆေးပါသည်။

မှတ်ပုံမတင်ရသေးသော ဆင်းကတ်များကို မှတ်ပုံတင်ခြင်းကိုမှု လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့ကြီးများ တွင် ဖွင့်လှစ်ထားသော တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်များတွင် ပြုလုပ်ပေးလျက် ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တယ်လီနော ဆင်းကတ်ရောင်းချသော လက်လီဆိုင်များတွင်ပါ ဆင်းကတ် မှတ်ပုံတင်ခြင်းကို ရက်သီတင်းပတ်အနည်းငယ်အတွင်း ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ပါသည်။ တယ်လီ နော သည် သုံးစွဲသူများ မိမိကိုယ်တိုင် မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကိုလည်း မကြာမီ မိတ်ဆက်သွားမည် ဖြစ်ပါ သည်။

ဆင်းကတ်များ မှတ်ပုံတင်ရန်မှာ ဥပဒေကြောင်းအရ ပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဆင်းကတ်များ အားလုံးကို မတ်လ ၃၁ ရက် ၂၀၁၇ မတိုင်ခင် မှတ်ပုံတင် ထားကြရန် ညွှန်ကြားထား ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိအသုံးပြုလျက်ရှိသော နံပါတ်အား မှတ်ပုံတင်ရန် အတွက် နိုင်ငံသားမှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြားသော သက်သေခံကတ်တစ်ခုခု၏ မိတ္တူ လိုအပ်ပြီး လျှောက်လွှာတွင် လိုအပ်သော အချက်များ ဖြည့်စွက်ပေးရမည် ဖြစ်သည်။ 

လိုအပ်သော စာရွက် စာတမ်းများ၊ အချက်အလက်များအသုံးပြု၍ နံပါတ်အား မှတ်ပုံတင်ရန် မိနစ် အနည်းငယ် သာ ကြာမြင့်မည်ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ခြင်းကို အခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။တယ်လီနောသည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လူမှုကွန်ရက်၊ သတင်းမီဒီယာများနှင့် စာတိုပို့ခြင်း စသည်တို့မှတစ်ဆင့် သုံးစွဲသူများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် အသိပေးသွားမည်လည်း ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

Monday, September 12, 2016

တယ်လီနော ဆင်းကတ်မျးကိုမှတ်ကုံတင်ရန်

တယ်လီနောရဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို သုံးစွဲနေကြသူတွေအနေနဲ့ ဆင်းကတ်တွေကို မှတ်ပုံမတင်ရ သေးဘူး ဆိုရင် မှတ်ပုံတင်သုံးစွဲကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ မိမိတို့ရဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ထားရှိမှု အခြေအနေကို မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်တွေကို သွားရောက်၍ ဖြစ်စေ၊ တယ်လီနော ကောလ်စင်တာ ကို ဖုန်းခေါ်ဆို၍ ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။ ဆိုင်လိပ်စာတွေကို အောက်ပါ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ https://www.telenor.com.mm/pagedetail/store-location/99
တနင်္လာနေ့ကစပြီးတော့လည်း မှတ်ပုံတင်ထားမှု အခြေအနေကို SMS ပို့ပြီး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ‘REG’ စာလုံးကိုရိုက်ပြီး ဖုန်းနံပါတ် ‘၅၀၀’ ကို ပေးပို့ပြီး  စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းက တယ်လီနော ဆင်းကတ်ရောင်းချနေတဲ့ လက်လီဆိုင်တွေမှာလည်း ဆင်းကတ် မှတ်ပုံတင်ခြင်းကို လာမည့်လတွေမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်တွေမှာ ဆင်းကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနေပါပြီ။ မိမိအသုံးပြုလျက်ရှိတဲ့ နံပါတ်ကို မှတ်ပုံတင်ဖို့ နိုင်ငံသားမှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားတွေအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြား သက်သေခံကတ်တစ်ခုခုရဲ့ မိတ္တူ လိုအပ်ပြီး လျှောက်လွှာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက် တွေ ပြည့်စုံမယ်ဆိုရင် မှတ်ပုံတင်ဖို့ မိနစ်အနည်းငယ် သာ ကြာမြင့်မှာ ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ခြင်းကို အခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါတယ်။ အွန်လိုင်းကနေ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နိုင်မယ့် နည်းလမ်းတွေ၊ ဆင်းကတ် မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက်၊ သတင်းမီဒီယာ တွေနဲ့ SMS တို့မှတစ်ဆင့် သုံးစွဲသူတွေကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက် အသိပေးသွားမှာ ဖြစ်ကြောင်း လည်း အသိပေးလိုပါတယ်။

Sunday, September 4, 2016

🌍Internet🌍freeသုံးနိုင်တဲ့ဆော့ဝဲ🌍 လိုင်းဖွင့်ရင်ဖုန်းဘေမကုန်ပဲ ☔ facebook _ viber_playsto_youtube ဗီဒီယိုဒေါင်းလော့ များနဲ့ brawseများပါfreeသုံးနိုင်တဲ့ဆော့ဝဲအား တင်ပေးလိုက်ပါတယ်💻

သစ္စာရှင် မိုးနတ်သား᠌᠌᠌
ထံမှ Copy ယူပါသည်။ ပို့စ်တင်ပြီး တောင်းတဲ့သူအတွက်ပါ။ ကျုပ်ကတော့ မလုပ်ကြည့်ရသေးပါ။

🌍Internet🌍freeသုံးနိုင်တဲ့ဆော့ဝဲ🌍
လိုင်းဖွင့်ရင်ဖုန်းဘေမကုန်ပဲ ☔ facebook _
viber_playsto_youtube ဗီဒီယိုဒေါင်းလော့
များနဲ့ brawseများပါfreeသုံးနိုင်တဲ့ဆော့ဝဲအား
တင်ပေးလိုက်ပါတယ်💻🇲🇾ကျွန်နော်အခုနေတာက malaysiaနိုင်ငံမှာပါ
ဆော့ဝဲကတော့ တည်နေရာနိုင်ငံခိုးသုံးနည်းများ
ဖြစ်တဲ့အတွက်နိုင်ငံပေါင်းစုံရနိုင်ပါတယ်
ဒါပေမယ့်ကျွန်နော်လက်တွေ့အသုံးပြုနေတာက
မလေးရှားနိုင်ငံမို့  malaysiaမှာနေတဲ့ friend
တွေအတွက်ငွေမကုန်ပဲfreeသုံးနည်းကို
အာမခံပါတယ်ကျွန်နော်ကိုတိုင် နေ့တိုင်းဒီနည်းကို
အသုံးပြုနေတာပါအခြားနိုင်ငံများအတွက်ကို
ဆော့ဝဲထဲမှာလိုင်းချိတ်စရာအများကြီးထဲက
ဘယ်လိုင်းကကိုယ်နေတဲ့ နိုင်ငံနဲ့ရမလဲ
စမ်းသပ်လေ့လာစေလိုပါတယ်
လုပ်နည်းကလွယ်မလိုနဲ့ခက်တဲ့အတွက်
ကျွန်နော်ပြထားတဲ့အတိုင်းတေခြာလေ့လာပါ
ဆော့ ဝဲထဲမှာကလိုင်းပေါင်းများစွာရှိတဲ့အတွက်
ဘယ်လိုင်းကပိုကောင်းတလည်း စိတ်ကြိုက်
ရှာဖွေရွေးချယ်ပါအချို့လိုင်းကအနဲငယ်လောက်ပဲ
ကောင်းပြီး အချို့လိုင်းများကတော့
ငွေကုန်ခံပြီးသုံးတဲ့လိုင်းထက်ပိုကောင်းတာ
တွေ့ရပါတယ်  နေ့တိုင်းလိုင်းဖွင့်ပြီးသုံးနေတဲ့
ကျွန်နော့်friendတွေကိုငွေမကုန်ပဲကျွန်နော်
လိုင်းသုံးတာfree ရတလိုရစေချင်ပါတယ်
နည်းပညာလေ့လာသူများအတွက်လွယ်ပေမယ့်
လေ့လာစသူများအတွက်တော့နဲနဲအခက်တွေ့နိုင်ပါဆော့ဝဲထဲကfreeလိုင်းများကိုလဲ
မိမိနေတဲ့နိုင်ငံနဲ့သုံးလို့ရမယ့်လိုင်းများဖြစ်ပြီး
လိုင်းပိုမိုကောင်းမွန်တဲ့လိုင်းများကိုရှာဖွေချင်းများ
လုပ်ပေးရမှာဖြစ်ပါတယ် freeလိုင်းတိုင်းမှာ
ehiဆိုတဲ့စာပါတဲ့လိုင်းမှန်ရင်freeသုံးရပါတယ်
အောက်မှာပုံများကိုလေ့လာပြီးလုပ်ပါ
ကျွန်နော်ရှင်းပြတဲ့ပုံများမှာနားလည်ဖို့ခက်နေရင်
ကြိုတင်ပြီးတောင်းပန်ပါတယ်
malaysiaမှာနေတဲ့သူများအတွက်
ကျွန်နော်သုံးတဲ့လိုင်းကိုချပေးလို့ရပါတယ်
မြန်မာပြည်နဲ့အခြားနိုင်ငံများအတွက်
ဆော့ဝဲထဲကဘယ်လိုင်းနဲ့ရမယ်ဆိုတာမသိတဲ့
အတွက်ကိုယ်တိုင်စမ်းသပ်လေ့လာပါရန်🎄
               HTTPဆော့ဝဲ
https://my.pcloud.com/publink/show?code=XZW7qjZRPrWmbQetjmSSlADIgFyrXu4Bzc7
                       Teleramဆော့ဝဲ
https://my.pcloud.com/publink/show?code=XZ0qJWZF26EPlLc8PS5h6KnkVAsDbhutT7y