Friday, November 27, 2015

Buddhan apk

Buddhan apk
Android Apk 10:18 PM No comments
dM7uocYj_400x400
Thet Zaw by maungpuck


အနန္တော အနန္တ ငါးပါးအားဦးထိပ်ထားပြီး ရေးသားပူဇော်ထားတဲ့ apk လေးတစ်ခုဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် ဆောင်ထားသင့်တဲ့ apk ကောင်းလေးတစ်ခုဖြစ်ပါတယ်။
ဒီ apk လေးကို Myanmar Innovative မှ ရေးသားပူဇော်ထားတာဖြစ်ပါတယ်။ Download ရယူလိုပါက
Google Play Link
____________________
downloadbutton
Google Play မရှိသူများအတွက် other link
______________________________________
downloadbutton
ref = Ko Htoo ( MMAS )
အဆင်ပြေပါစေ..


Wednesday, November 18, 2015

XMOD


ဒီ tutorial သည် Andriod တွင်ပြုလုပ်ပုံဖြစ်ပါသည်
Ios user များလဲအောက်ပါ tutorial အတိုင်း ပြုလုပ်ကြည့်ပါ ....

***ဂရုပြုရန်***
(1) သင် Xmod ကိုအသုံးပြုမယ်ဆို သင် Andriod User ဆို သင့် Android Phone မှာ Root ရှိရပါမယ် ...သင် IOS User ဆို သင့် iPhone ဟာ Jailbroken ဖြစ်ရပါမယ် ...

(2)ယခုအချိန် မှာ Xmod ကို Android 5.0(Lollipop) မှာအစုံအသုံးပြု နိုင်ပါတယ်..

(3) Xmod ကို Bluestacks ,Genymotion
နဲ့ တစ်ခြား virtual machines တွေနဲ့ တွဲသုံးလို့  မရသေးပါဘူး..ဒါပေမယ့် Bluestacks စသည်တို့ 
နဲ့  တွဲသုံးလို့ ရ အောင် XMod new version တစ်ခုပေါ်အုံးမှာပါ( ကျွန်တော့် အမြင်PC အတွက်ဖြစ်ဟန်တူပါတယ်)
****************************
Xmod ကို Install လုပ်ပြီးရင် Open လုပ်လိုက်ပါ
Xmod ရဲ့  ပထမစာမျက်နှာကို ပုံ (1) အတိုင်းတွေရပါလိမ့် မယ် ..


ဒီ စာမျက်နှာမှာ Modded လုပ်လို့  ရမည့် Game စာရင်းကိုတွေ့  ရမှာပါ
Clash of Clan Menu လေးကို နှိပ်လိုက်ပါ-ပုံ(2)တွင်ကြည့်ပါ(Launch ဆို တဲ့ button ကို မနှိပ်ရပါဘူး ...မဟုတ်ရင်အဆင့်ကျော်သွားမှာပါ)


ပြီးရင် Install Mod Button လေးကို နှိပ်ပါ..
ပုံ (3)တွင်ကြည့်ပါ...Clash of clan အတွက် Mod သွင်းနေပါပြီ 


5-10 seconds လောက်စောင့်ပေးပါ
ပြီးရင်တော့ Launch button ကိုနှိပ်ပြီး Clash of clan ကိုဖွင့်လို့ ရပါပြီ ...
Small Robot လေးကို Clash of clan Game screen ပေါ်မှာမြင်ရပါမယ်-ပုံ(4)ကိုကြည့်ပါ-


(အရင် Version တုန်းက X ပုံစံ သင်္ကေတလေးပါ)
ထို Small Robot button လေးကို နှိပ်ပါ
ထိုနောက်ပေါ်လာသော box လေးမှ အပြာရောင် Xmod button လေးကို နှိပ်၍ application
ကိုဖွင့် ပါ ...


ပုံ-(5) နှင့် (6)ကိုကြည့်ပါ
***************************


Xmod လုပ်ဆောင်ချက် နှင့် အသုံးပြုပုံ
*******************************************
တိုက်ချင်တဲ့ ပြိုင်ဘက် ကိုရှာဖွေရာ မှာကူညီခြင်း
***************************************
Xmod ဟာ တိုက်ချင်တဲ့ ပြိုင်ဘက် ကို ရှာဖွေရာမှာ အလိုအလျောက်ရှာဖွေပေးပါတယ်
သင် Farming(attack other base for loot) လုပ်ရာမှာ Next button ကို ထပ်နှိပ်စရာ မလိုတော့ပါဘူး.,
ဒီလိုရှာဖွေပေးရာမှာ ရွေးချယ်ပိုင်ခွင့် 5 ခု ကတော့
Gold,Elixir,Dark Elixir,Trophy and maximum TownHall တို့ ပဲဖြစ်ပါတယ်

***အသုံးပြုပုံ***
Small Robot ကို နှိပ်၍ ပေါ်လာသောအပြာရောင် Xmod Button ကို နှိပ်ပါ-ပုံ(6)အတိုင်းတွေရပါမယ်..


ဥပမာ-
သင် Gold နဲ့  Elixir ကို 200000 ,Dark elixir ကို 1500လိုချင်ပါလျှင် ပေါ်လာသော Box ထဲမှ
Gold more than ကို နှိပ်၍ 200000 ဟုရိုက်ပါ
အလားတူ Elixir more than ကိုနှိပ်၍200000ဟုရိုက်ပါ
အလားတူ Dark Elixir more than ကိုနှိပ်၍ 1500ဟုရိုက်ပါ
ပြီးလျင် Search switch ကို On ပါ
Xmod မှအလိုအလျောက် သင်ရေးထားသည့် loot ပမာဏထဲမှ တစ်ခုခု နှင့်တူသည့် (Gold or Elixir or Dark Elixir or Both)Base ကိုရှာပေးပါလိမ့်မည်..
Meet all the condition ကို On ထားပါ က ပို၍ တိကျပါသည်(သင်ရေးထားသည့် 3 မျိုး လုံးတူ)
****ရှာလို့ တွေလျင် ရပ်သွားပါလိမ့်မည်****
အလို အလျောက် Search မလုပ်ပါက ကိုယ်တိုင် တစ်ခါ နှစ်ခါ Search Button နှိပ်ပေးပါလျင်
Auto Search ပြန် အလုပ်လုပ်ပါသည်
********************************

Sand box attack
**********************
Sand box attack သည် တစ်ခြား Player များကို Farm base or War base အစမ်းတိုက်ခြင်းကိုလုပ်ဆောင်ပေးပါသည်
ဒါက Xmod for Coc ထဲက အစွမ်းဆုံးလုပ်ဆောင်ချက်လို့  ဆိုထားပါတယ်

***အသုံးပြုပုံ***
အရင် ဆုံး Sand Box Attack ကို On ထားပါ..
ထိုနောက်သင် တစ်ခြား Base ကို visit or scout နိပ်၍အစမ်းတိုက်ကြည့် နိုင်ပါသည်..
(ဂရုပြုရန်-Attack ထဲမှမတိုက်ရပါ)
သင် Clan War ထဲမှာ အစမ်းတိုက်ကြည့်ဖို့  အတွက် အကောင်းဆုံးပါပဲ..
Clan castle ထဲ မှ troops ထဲမှာဘာရှိတယ်
Giant Bomb
Hidden tesla
Hidden trap တို့ ဘယ်မှာလဲဆိုတာ အရင်သိရမှာပါ-ပုံ(7) ကိုကြည့်ပါ
***********************


သင် အနေနဲ့  Trophies ရရန် အတွက် အပြင်ထုတ်ထားတဲ့  TH များကို Xmod နဲ့ ရှာ နိုင်
ပါတယ်(sniping TH)
***Maximum TH distance from Edge***နဲ့  ပါ
သူကိုဖွင့် လိုက်ရင် Scroll bar တစ်ခုပြပါမယ်
Scroll ရဲ့  နံပါတ်တွေက TH နဲ့  မြေပုံ အစွန်းကြားအကွာအဝေးပါ
သင် နံပါတ် ကို (1-4) မှာထားသင့်ပါတယ်
**************************
Keep Active က အမြဲ Online ဖြစ်နေဖို့  ပါ
Keep Active ကို On ပြီး Internet ဖွင့်ထားမယ်
Screen auto sleep ကို Never လုပ်ထားဖို့  လိုပါတယ်
Active ဖြစ်ရင် တစ်ခြား Player တွေလာတိုက်လို့  မရတော့ပါဘူး
**************************
ဒါတွေဘဲလား??? မဟုတ်ပါဘူး....
***XMOD အသစ်မှာ လုပ်ဆောင်ချက်အသစ်တွေပါလာပါပြီ***

(1)Clan castle မှာ Troops မရှိတောင် အစမ်းတိုက်ဖို့  လိုချင်တဲ့ Troops ကို Training မလုပ်ပဲ ရွေးချယ်နိုင်ပါတယ်(Max 35)
***Set target's castle troops***မှာရွေးပေးရုံပါ

(2)Sand box attack အတွက်လဲ Troops ကို အရေအတွက်အကန့် အသတ်မရှိ ယူသွားနိုင်ပါတယ်
Sand box attack မတိုက်ခင် troops လဲ
Train စရာမလိုတော့ပါဘူး
-ပုံ(8)ကို ကြည့်ပါ( World Top player တောင်
သင်လက်အောက်မှာပြားပြားဝပ်သွား နိုင်ပါတယ်-ဤကား စကားချပ်)


Hidden Telsa နဲ့ trap မပေါ်လဲ troops ကြိုက်သလောက်ချ၍ ရှာနိုင်သေးပါတယ်-ပုံ(9)
ကိုကြည့်ပါ


တကယ်တိုက်တဲ့ အချိန်မှသာ Sever
နဲ့ ချိတ်သည့်အတွက် Hidden telsa ,Hidden trap မှန်သမျှကို ပုံ(10) အတိုင်းမြင် နိုင်မှာပါ


*************************************
***သင် XMOD အလုပ်မလုပ်တော့ရင်***
***သင် Phone Screen မှာ XMOD မပေါ်တော့ရင်***
(1) Xmod ကို uninstall လုပ်ပါ
(2)Cleaner application တစ်ခု နဲ့  Phone ကို
သန့် ရှင်းရေးလုပ်ပါ
(3)Phone ကို restart ချပါ
(4)Xmod ကိုပြန် install လုပ်ပါ
ဒီနည်းလမ်းက Xmod ပြဿနာတော်တော် များများ
ကိုဖြေရှင်းနိုင်ပါတယ်
နောက်ဆုံး Coc version နဲ့  နောက်ဆုံး Xmod ဖြစ်ဖို့ တော့ လိုပါတယ်
*****************************

***mod ကို Update ဘယ်လိုလုပ်မလဲ***
**********************************************
တစ်ခါတစ်ရံ CoC version အသစ်ထွက်တဲ့  အချိန်မှာ သင် mod ကိုUpdate မလုပ်ဘူးဆို XMod အလုပ်မလုပ်တော့ပါဘူး
Mod update လုပ်ရတာလွယ်ပါတယ်
Xmod ကိုဖွင့်ပြီး Coc menu ထဲဝင်ပါ Update Mod button ကိုတွေ့ ရင်နှိပ်ပါ
ပြီးပါပြီ
********************************
cocland.com မှဆီလျော်အောင်
တိုက်ရိုက် ဘာသာပြန်ဆိုသည်
***Kotharchaw***
Burmaclan 



Source : http://www.myanmar-it-group.com/2015/06/xmod-install-coc.html 

အဆင်ပြေပါစေ.

 








Saturday, November 14, 2015

Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)

Apple ID ကို မိမိတို့ရဲ့ iPhone/iPad ပေါ်မှာ အလွယ်တကူ ပြုလုပ်နည်း (မသိသေးတဲ့သူများအတွက်သာ)

သက်ဇော်  by ThanToeAung


1. အရင်ဆုံး Gmail or Email တခုကို Setting > Mails,Contacts, Calendars မှာ Sign in လုပ်ပါ။ (အချို့ Email ဆိုရင် Browser မှာပဲ Sign in လို့ ရပါတယ်)

2. Sign in ၀င်ပီးလျှင် Mail ကို On ပါ။

3. အကောင့် မလုပ်ခင် အရင်ဝင်ထားတဲ့ အကောင့်ကို Sign Out လုပ်ပေးပါ။ (Setting > iTunes & AppStore > Apple ID > Sign Out)
ဒါမှလည်း AppStore ထဲဝင်ပြီး ဖွင့်တဲ့အခါ Box ကျလာမှာပါ။

4. Sign Out လုပ်ပြီးလျှင် AppStore ထဲဝင်ပါ။ Free App တခုခုကို Download လုပ်လိုက်ပါ။

5. Box တခု ကျလာပါမယ်။ Create New Apple ID ကို ရွေးပါ။

6. ပြီးလျှင် Store ကို ကိုယ်ကြိုက်တဲ့ Country ထားပါ။ (ကျွန်တော်ကတော့ US Store နဲ့ ရှင်းပြသွားပါမယ်) 
ရွေးပြီးရင် Next ပါ။

7. ထပ်ပီး Agree ကို နှိပ်ပါ။

8. ဒီနေရာမှာ Email နဲ့ Password ကိုရေးပေးရမှာပါ။
a) Email မှာ ကိုယ်ပြုလုပ်မယ့် Email ကိုဖြည့်ပါ။
b) Password ပေးရင် ရှေ့ဆုံးမှာ အနည်းဆုံး Capital Letter တလုံးနဲ့ နောက်ဆုံးမှာ ကိန်းဂဏန်းတခုခု ပါဝင်ရပါမယ်။ (Eg : Password12345)
c) Security Questions တွေထည့်တဲ့ အခါမှာ ကိုယ်မှတ်မိမယ့်ဟာကိုပဲ ထည့်စေချင်ပါတယ်။ အလွယ်ထည့်ပါ။
(ဥပမာ - What was the name of your first pet? ဆိုရင် အဖြေမှာ pet ပေါ့
What was the model of your Car? ဆိုရင် အဖြေမှာ car ပေါ့
What was the first name of your Boss ဆိုရင် အဖြေမှာ boss ပေါ့)
d) နောက်ပီး Email တခုရှိသေးတယ်ဆိုရင်တော့ Recuse Mail ပါ ထည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ ပြန်လည်ရယူနိုင်တာကြောင့်ပါ။
e) ပြီးရင် Birthday ဖြည့်ပါ။ အားလုံးပီးရင်တော့ Next ပေါ့။


9. ဒီအဆင့်မှာ ကိုယ့်ရဲ့ Billing Information နဲ့ ပါတ်သက်တာတွေ ဖြည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူတွေဆိုပါက သေသေချာချာ စီစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တခုဖွင့်နည်းပဲပြောပြပါမယ်။
a) None ကိုရွေးပါ။
b) Code နေရာမှာ လောလောဆယ် ဘာမှ မထည့်ပါနဲ့
c) အောက်ဆက်သွားရင် ကိုယ့်ရဲ့ လိပ်စာတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်။
Address 1 မှာ ကြိုက်တဲ့ No ပေးပါ။ (eg : 200)
Address 2 မှာ ကြိုက်တာဖြည့်ပါ။ (eg : Tatkone)
City မှာလည်း ကြိုက်တာဖြည့်ပါ။ (eg : Mandalay)
State နဲ့ Zipcode မှာတော့ အရေးကြီးပါတယ်။ မှားလို့မရပါဘူး။
အောက်မှာ State နဲ့ Zipcode တွေ ဖော်ပြသွားပါမယ်။ ခုတော့ ဆက်လိုက်ဦးမယ်။
ဖုန်းနာပါတ်နေရမှာ ရှေ့ ၃ လုံး၊ နောက် ၇ လုံး ကြိုက်ရာဖြည့်ပါ။ (eg : 123-456-7890)
အားလုံးပြီးရင် Next

10. ပုံ ၁၀ အတိုင်း Verify Your Account ဆိုရင်တောင် အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။
(ထိုအဆင့်ပီးလို့ Apple ID မှ Password တောင်းလျှင် Cancel ကိုနှိပ်ပါ)


11. Verify လုပ်ဖို့အတွက် Mail ထဲဝင်လိုက်ပါ။

12. Apple က ပို့ထားတဲ့ Mail တဆောင်ရှိပါလိမ့်မယ်။ ၀င်လိုက်ပါ။

13. Verify Now ကိုနှိပ်လိုက်ပါ။

14. Apple ID နဲ့ Password ရေးပြီး Verify Address ကိုနှိပ်ပေးလိုက်ပါ။

15. ပုံ ၁၅ လိုပြရင် Verify လုပ်တာ အောင်မြင်ပါပြီ။

16. ပိုပြီး သေချာသွားအောင် AppStore က Free App တခုကို Download လုပ်ကြည့်ပါ။

17. သင်ဟာ ကိုယ်ပိုင် Apple ID တခုကို ပိုင်ဆိုင်သွားပီပဲဖြစ်ပါတယ်ခင်ဗျာ။


ref:IT Knowledge Sharer

အဆင်ပြေပါစေ..

Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link

Friday, November 13, 2015

Find My iPhone, iPad, iPod, Mac နဲ့မိတ်ဆက်ပေးချင်ပါတယ်။

Find My iPhone, iPad, iPod, Mac နဲ့မိတ်ဆက်ပေးချင်ပါတယ်။ (မသိသေးသူများအတွက်သာ)

Thet Zaw by ThanToeAung



Find My iPhone App က Apple ကထုတ်တဲ့ iPhone, iPad, iPod Touch, Mac တွေ မှာပါပါတယ်။
Find My iPhone ကတော့ iCloud နှင့် တွဲပြီး သုံးရတဲ့ App တစ်ခုဖြစ်ပါတယ်။
Find My iPhone App ရဲ့အဓိက ကောင်းချက်ကတော့ မိမိရဲ့Apple ပစ္စည်း အထားမှား၍ ပျောက်တာပဲ ဖြစ်ဖြစ်၊ သူတပါးခိုးသွားတာပဲ ဖြစ်ဖြစ် iCloud အသုံးပြုပြီးတော့ မြေပုံမှာပြန်ရှာလို့ရအောင် (သို့) Apple ပစ္စည်း ကို ပျောက်သွားရင်သူများသုံး၍ မရအောင် Screen Lock ချခြင်း (သို့) Activation Lock ချခြင်း (သို့) ကိုယ့်ရဲ့အရေးကြီးသောPersonal Data များကို Erase/Delete လုပ်လို့ရပါတယ်။

Find My iPhone ကိုအသုံးပြုခြင်ရင်တော့ Apple ID account ရှိဖို့တော့လိုအပ်ပါတယ်။
Find My iPhone ကိုတော့ မိမိ Apple device ရဲ့ Settings -> iCloud -> Find My iPhone ထဲမှာရှာတွေ နိုင်ပါတယ်။
iCloud ကို Apple ID account ဖြင့် Sign-in မလုပ်ရသေး ရင် Find My iPhone ကိုတော့တွေ့မှာ မဟုတ်ပါဘူး။
Sign-in လုပ်ပြီးရင်တော့ Find My iPhone ကို On လုပ်လိုက်ပါ။

ပြီးရင် တခြား Computer မှ web browser ဖြင့်https://www.icloud.com ကိုသွားပြီး မိမိရဲ့ Apple ID account ဖြင့် Sign-in လုပ်ပါ။
Sign-in လုပ်ပြီးရင် Find My iPhone ကိုရွေးပါ။
Find My iPhone ထဲရောက်ပြီဆိုရင် မိမိရဲ့ ပိုင်ဆိုင်အသုံးပြုနေသော Apple Devices တွေအားလုံးကိုMap ကိုမြေပုံပေါ်မှာ အစက် ဝိုင်းကလေးများအနေဖြင့်မြင်ရမှာဖြစ်ပါတယ်။

အစက်ကလေးပေါ်မှာ နှိပ်လိုက်ရင်တော့ ကိုApple Device ရဲ့ပတ်သတ်တဲ့ Information (နေရာ Location, Battery Status, Battery Charging Status) တွေကိုမြင်နိုင်ပါတယ်။ပြီးရင် ခလုပ် (၃) ခု ပါပါတယ်။
Play Sound, Lost Mode, Erase iPhone။
Play Sound ကိုနှိပ်ရင်တော့ ကိုရဲ Apple Device မှာ Alarm လာမြည်ပါ တယ်။ အိမ်မှာနေရာအထားမှား၍ ပြောက်တာပဲဖြစ်ဖြစ် Play Sound ကိုအသုံးပြုပြီးရှာနိုင်ပါတယ်။
Play Sound က မိမိ ရဲ Apple Device ကို Silent လုပ်ထားရင်တောင် Alarm မြည်နိုင်ပါတယ်။

နောက်တခုကတော့ Lost Mode ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Apple Device မှာ Passcode မရှိသေးရင်တော့ Lost Mode ကိုနှိပ်လိုက်ရင်တော့ Passcode ထည့်မို့ ဂဏန်း ၄လုံးတောင်းပါလိမ့်မယ်။
ဂဏန်း ၄လုံး ထည့်ပြီးရင် ကိုApple Device က Auto Screen Lock ကျသွားမှာပါ။ ဂဏန်း ၄လုံးထည့်ပြီးရင် ဆက်သွယ်ရမည့် ဖုန်းနံပတ် နှင့် ကိုပြောလိုသောMessage ကို စာ ရေး၍ Apple Device ကိုပို့လို့ရပါတယ်။

နောက်ဆုံးတခုကတော့ Erase iPhone ဖြစ်ပါတယ်။ အဲဒါကိုနိပ်ပြီးရင်တော့ ကိုApple Device ထဲမှာရှိတဲ့ Personal Data တွေအားလုံး ကိုဖျက်ပစ် Erase/Delete လုပ်သွားမှာဖြစ်ပါတယ်။
ဒီနည်းကိုတော့ ကိုရဲ့ Apple Device ကိုဘယ်လိုမှ မျော်လင့်ချက်မရှိ၊ ပြန်မရနိုင်တော့ရင်သာအသုံးပြုသင့်ပါတယ်။ လုပ်ပြီးရင်တော့ Apple Device ကိုiCloud ကနေရှာလို့ Track လို့ မရတော့ပါဘူး။
ဒါပေမဲ့Erase iPhone လုပ်ထာတဲ့ Apple Device ဟာ မိမိရဲ့Personal Data တွေအထဲမှာမရှိတော့ပါဘူး ။
မိမိ ရဲ့ Apple ID account မရှိတဲ့သူတွေဟာ ဘယ်လိုမှ မိမိ ရဲ့ Apple Device ကိုအသုံးပြု နိုင်မှာမဟုတ်ပါဘူး။

Find My iPhone ကို On လုပ်ထားရင် ဘယ်သူမှ မိမိ ရဲ့Apple ID account မရှိရင် iOS Firmware ပြန်တင်ပြီးရင်တောင် အသုံးပြုလို့မရနိုင်ပါဘူး။
Activation Lock ကျသွားပါပြီ။

ဒီ Play Sound, Lost Mode, Erase iPhone တွေကိုနှိပ်တိုင်းFind My iPhone App က ကိုရဲ့ Apple ID email ကိုnotifications တွေပို့ပေးပါတယ်။

ဒီ Find My iPhone App ကောင်းကောင်း အလုပ်လုပ် ဖို့အတွက်တော့ သင့်ရဲ့ Apple Device ဟာ 3G (သို့) Wi-Fi Internet နဲ့ အမြဲတမ်းလိုလို ချိတ်ဆက် နေမှ သာ iCloud Website ပေါ်မှတဆင့် ကိုရဲ့ Apple Device ကို Track လုပ်၊ Command ပေးတာတွေလုပ်လို့ရမှာပါ။
အခု ကတော့ 3G ကို Telenor, Ooredoo, MPT တို့ဖြင့် တွင်တွင် ကျယ်ကျယ် သုံးလာတာရော၊ 3G ကို Pay As You Go စနစ်ဖြင့် အသုံးပြုလာတာ ကြောင့် ကျွန်တော်တို့ရဲ့ Apple Devices တွေဟာ အမြဲတမ်းလိုလို Internet နဲ့ အချိတ်အဆက်ရှိ တဲ့ အတွက် ဒီ App လေးကို ထိထိ ရောက်ရောက် အကျိုးရှိစွာသုံးနိုင်မှာ ဖြစ်ပါတယ်။

Credit ;MDrive
ရွှင်လန်းချမ်းမြေ့ကြပါစေ...😊😊
တပ်ကုန်းသား(IT Knowledge Sharer)

အဆင်ပြေပါစေ..


Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link

COC myanmar fount UI changer version2.1 for andriod

COC myanmar fount UI changer version2.1 for andriod မြန်မာလိုသုံးကြမယ်
download link  
http://adf.ly/1RadhO

Thursday, November 12, 2015

မိမိ Facebook Account တွင် 3 Trust Contact ထည့်နည်း

မိမိ Facebook Account တွင် 3 Trust Contact ထည့်နည်း

သက်ဇော် by Min Oke Kar

လတ်တလော ဖြစ်ပျက်နေကြတဲ့ လက်တည့်စမ်းတဲ့ သူတွေ များလာတဲ့အတွက်ကြောင့်
မိမိ Facebook အကောင့်ကို ပိုပီး လုံခြုံအောင်ထားဖို့ လိုအပ်လာပါတယ်...
အဲ့ဒီအတွက်အကြောင့် ကျနော် ဒီနေ့ Facebook မှာ 3 trust contact ထားပုံထားနည်းလေး
တင်ပေးလိုက်ပါတယ်...သူကဘာအသုံးဝင်လည်း ဆိုတော့ acc hack ခံရလို့ pass
ချိန်းခံလိုက်ရပီဆိုရင် ဒီ 3 Trust contact နဲ့ ပြန်ပီး လိုက်လို့ရပါတယ်...



ကဲ ပထမဦးဆုံး account ကို login ၀င်လိုက်ပါ...ပီးရင်
Account Setting ထဲ ၀င်လိုက်ပါ..

ပီးရင် Trust Contact ထဲဝင်ပါ..Trust contact ထဲက
Choose Trust Contact ဆိုတာလေးကို နှိပ်ပါ...

ပီးရင် Choose Trust Contact ဆိုတာလေးပဲ ထပ်နှီပ်ပေးပါ...

ကဲ နောက်တစ်ခါကျရင်တော့ ကိုနဲ့ အရင်းနှီးဆုံး လူ မိသားစုဝင် ဒါမှမဟုတ်
ဖုန်းနံပါတ် ရှိတဲ့ သူငယ်ချင်း ကိုယ်ယုံကြည်လို့ ရမယ့် လူ ၃ ယောက်မှ ၅ ယောက်ထိ
ထည့်ထားနိုင်ပါတယ်.. ဒါပေမယ့် Facebook ကနေ code ပြန်လာရင်တော့ ၃ ယောက်ကိုပဲ
ရွေးချယ်ခွင့်ရှိမှာပါ....

လူရွေးပီးသွားရင်တော့ အောက်ကပုံအတိုင်း pass လာတောင်းမှာပါ..
ဖြည့်ပေးလိုက်ပါ..

 ပီးရင်တော့ Submit ပါ...
အောက်မှာက ကိုယ်ထည့်ထားတဲ့ ကိုယ့်ရဲ့
Trust Friend တွေပါ.



ကဲ အဆင်ပြေလောက်မယ်ထင်ပါတယ်..
နောက်မှပဲ ကျနော် 3 Trust Contact နဲ့
အကောင့်ကို ပြန်ယူနည်းကို တင်ပေးပါ့မယ်..

တစ်ခုခု အကြံပေးလိုပါကMy FB Acc
  >> Min Oke Kar << FB 

My Reader App
Min Oke Kar (နည်းပညာ).apk
Download (1)
Download (2)

ကျနော်တင်သမျှ  Post တွေကို Facebook
မှ တိုက်ရိုက်ဖတ်ရှုလိုပါက
Min Oke Kar ဘီးလူးကျွန်းသားလေး နည်းပညာ
page ကို Like လုပ်ထားပေးပါ..
https://www.facebook.com/minoke.kar123

Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ

http://www.minokekar.blogspot.com/