Friday, July 29, 2016

MTK CPU သုံးဖုန်းတွေကို ပါဝါဖွင့်လိုက်တာနဲ့ စပြီးပေါ်လာတဲ့ Logo လေးကိုကိုယ်ကြိုက်တဲ့ပုံလေးတွေပြုလုပ်နည်း


    

ကျွန်တော်တို့ MTK CPU သုံးဖုန်းတွေကို ပါဝါဖွင့်လိုက်တာနဲ့ စပြီးပေါ်လာတဲ့ Logo လေးကိုကိုယ်ကြိုက်တဲ့ပုံလေးတွေ စာလေးတွေနဲ့လုပ်ချင်ရင်အခုနည်းလေးအတိုင်းလုပ်ကြည့်ကြပေါ့
အသိတွေလာလာပြီမေးနေကြလို့တစ်ခါတည်းပဲ လေ့လာနေတဲ့သူတွေကောအဆင်ပြေအောင်လို့
အောက်မှာပေးထားတဲ့လင့်ကနေပြီးလိုအပ်တာလေးဒေါင်းလိုက်ပါပြီးရင် ပုံတွေထဲမှာပါတဲ့အတိုင်းကြိုးစားကြည့်ကြပါ အစမ်းပြထားတာ Y511 နဲ့ပါ။



 

password = myanmarxda

credit >>> Ko Htet R Kar

 

 

 

အဆင်ပြေပါစေ။

Warmly Welcome

Ko Htoo ( MMAS )

Wednesday, July 27, 2016

iOS 9.3.3 ကိုကွန်ပျူတာမလိုဘဲ Jailbreak ပြုလုပ်ခြင်


iOS 9.3.3 တင်ထားတဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာတောင်မလိုတော့ဘဲ Jailbreak ပြုလုပ်နိုင်ပါပြီ။ iPhone/Pad ထဲမှာပါတဲ့ Safari Browser ကနေတဆင့်လုပ်ရတဲ့နည်းပါ။ သာမန် User တစ်ယောက်အနေနဲ့တောင်အလွယ်တကူလုပ်နိုင်အောင်စီစဉ်ပေးထားတာပါ ။ ကဲ.. Jailbreak လုပ်ကြည့်ရအောင်။

1) Jailbreak မလုပ်ခင်သင့်ရဲ့ iPhone/Pad ကို iOS 9.3.3 သို့ Update ပြုလုပ်ထားပါ။ 

2) Passcode နဲ့ Find My iPhone တို့ကို Disable လုပ်ထားပါ။

3)  သင့်ရဲ့ iPhone/Pad/Pod touch ထဲက Safari Browser ထဲကိုဝင်ပါ။ အောက်မှာပေးထားတဲ့ link ကို Safari Browser ရဲ့ Address bar မှာရိုက်ထည့်ပြီးဝင်လိုက်ပါ။

imokhles.com/pangujb/


4) Website တစ်ခုထဲရောက်သွားပြီဆိုရင် အပေါ်ပုံမှာပြထားတဲ့အတိုင်း Install ခလုတ်လေးကိုနှိပ်ပါ။

5) Jailbreak Tool ကိုသွင်းမှာလားလို့မေးပါလိမ့်မယ်။  Install ကိုနှိပ်ပါ။


6) Home Screen ပေါ်မှာ PP Jailbreak Tool ကိုစသွင်းပါလိမ့်မယ်။ သွင်းပြီးရင်တော့ Home Screen ပေါ်မှာအောက်ပုံထဲကအတိုင်းမြင်တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီ app ထဲကိုမ၀င်ပါနဲ့ဦး။


7) iOS ရဲ့ Setting>General > Device Management ထဲကိုဝင်ပါ။ အောက်ပုံထဲကအတိုင်းအဆင့်ဆင့်ပြုလုပ်သွားပါ။


8) ပြီးလျှင် Home Screen သို့ပြန်ထွက်ပြီး  Pangu/PP app ထဲကိုဝင်ပါ။ push notifications နဲ့ပတ်သက်တဲ့ Request တောင်းလာလျှင် OK ကိုပဲနှိပ်ပါ။


9) app ရဲ့အလယ်က စက်ဝိုင်းပုံခလုတ်ကိုနှိပ်ပါ။ ပြီးတာနဲ့ ဖုန်းကို Lock/Power Button ကိုတစ်ချက်နှိပ်ပြီး Screen ကိုပိတ်/Lock ချထားပါ။ ပြန်မဖွင့်ပါနဲ့ဦး။ 


10) အောက်ပုံထဲကအတိုင်း Lock Screen မှာ PP jailbreak app ရဲ့ Notification တက်လာပြီဆိုရင်တော့ Lock Screen ကိုပြန်ဖွင့်လို့ရပါပြီ။ 


11) သင့်ရဲ့ iPhone/Pad ဟာ auto reboot ကျသွားပါမယ်။ ပြန်တက်လာရင် Home Screen မှာ Cydia ကိုတွေ့မြင်ရပါပြီ။ 


12) Cydia ထဲကိုဝင်ပြီး သင်သိထားတဲ့ Jailbreak Tweak တွေ ၊ Tweak Source တွေကိုသွင်းနိုင်ပါပြီ။ 



ဂုဏ်ယူပါတယ်။ iOS 9.3.3 တင်ထားတဲ့ သင့်ရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာတောင်မလိုဘဲအောင်မြင်စွာ Jailbreak ပြုလုပ်ပြီးပါပြီ။

(ဒီနည်းလမ်းနဲ့ Jailbreak လုပ်ခြင်းဟာ သင့်ရဲ့ iPhone/Pad ကို reboot ချလိုက်မယ် ၊ Power ပိတ်ပြီးပြန်ဖွင့်တာမျိုးလုပ်မယ်ဆိုရင်တော့ Jailbreak လုပ်ထားတာပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အပေါ်ကနည်းလမ်းအတိုင်းပဲ အစအဆုံးတစ်ခါပြန်ပြီး Jailbreak  လုပ်ရပါမယ်။ )

သက်နိုင်စိုး (Myanmar Mobile App)

www.pyaephyo.com


Visit website

Tuesday, July 26, 2016

Android ဖုန်းမှ Virus များကို အပြီးသတ် ဖယ်ရှားခြင်း (သို့) ဖုန်းဆေးခြင်း

Thet Zaw



Android ဖုန်းမှ Virus များကို အပြီးသတ် ဖယ်ရှားနိုင်ဖို့အတွက်ဆိုရင် ကွန်ပျူတာနဲ့မှ ပိုပြီးအဆင်ပြေမှာပါ..။

Virus ဖယ်ရှားမဲ့ ဖုန်းက Root ပြုလုပ်ထားပြီးလည်းဖြစ်ရပါမယ်..။

ဖုန်းကို  USB Debugging  ကို Enable လုပ်ပေးကာ...

ကွန်ပျူတာမှတဆင့် အောက်မှာ တင်ပေးထားတဲ့ Tool နှင့် Virus များကို Data မထိခိုက်စေပဲ အပြီးတိုင် ဖယ်ရှားပေးနိုင်ပါတယ်...။




xxxxx@@@xxxxx

ကွန်ပျူတာအခတ်အခဲရှိသူတွေအနေနဲ့ကတော့ အရင်ဆုံး မိမိတို့ရဲ့ အရေးကြီး Data တွေကို  BackUp လုပ်ယူပါ..။

 Samsung ဖုန်းဆိုရင် Volume Up + Home +Power  စ,တဲ့ ခလုတ် သုံးခုကို တပြိုင်တည်းတွဲနှိပ်ကာRecover Mode မှတဆင့် wipe data/factory reset နှင့် Factory Reset ချပေးပါ..။



China Mobile ဖုန်းတွေဆိုရင်တော့  Volume Up +Volume Down  + Home + Power ခလုတ်များကို တပြိုင်တည်းနှိပ်ကာ Recover Mode မှတဆင့်eMMC သို့မဟုတ် wipe data/factory reset နှင့်Factory Reset ချပေးပါ..။

(Home ခလုတ် မပါတဲ့ ဖုန်းတွေကိုတော့ Volume Up + Volume Down + Power နှင့် Reset ချပေးပါ)

(တချို့ China ဖုန်းတွေမှာ Volume Up သို့မဟုတ်Volume Down ဆိုတဲ့ ခလုတ်တစ်ခုခုနှင့် Power ကို တပြိုင်တည်း တွဲနှိပ်ကာ Recover Mode ကို ဝင်ရပါတယ်)



 ဖုန်း Power ပြန်မတတ်လို့ဖြစ်စေ၊ Logo မှာပဲ ရပ်နေတာမျိုး ဖြစ်စေ၊ ဖုန်းလေးနေလို့ဖြစ်စေ၊ အခြားအကြောင်းတစုံတရာကြောင့်ဖြစ်စေ အထက်ပါနည်းအတိုင်း Factory Reset ချပေးကာ ဖြေရှင်းပေးနိုင်ပါတယ်..။

(အကယ်၍ အထက်ပါနည်းလမ်းအတိုင်း အဆင်မပြေခဲ့လျှင် Original Firmware ပြန်တင်ပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်)

Factory Reset ချဖို့ အခတ်အခဲရှိတဲ့ အခြားဖုန်းတွေအတွက် ဒီဝက်ဘ်ဆိုက်ဒ်  http://www.hard-reset.org/  မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။


Download Remove Virus Tool

OR

Download Remove Virus Tool

(No Password)

အသုံးပြုနည်း


Thanks: Mbah Rebo












Post By: WKK
http://winkabarkyaw.net

Visit website

Monday, July 25, 2016

သင့် Facebook Account ကို သင့်သူငယ်ချင်ထံ အမွေပေးထားနိုင်တဲ့ နည်းလမ်း


သင်သေဆုံးသွားပြီးတဲ့နောက် သင်နဲ့အတူပျောက်ကွယ်သွားမယ့်အရာတွေထဲမှာ သင့်ဖေ့ဘုတ်အကောင့် မပါပါဘူးနော်။ သင်မရှိပေမယ့်လည်း သင့်အကောင့်ကို ဆက်သုံးနေဖို့ Legacy Contact တစ်ဦးကို ကိုယ်စားလှယ်လွှဲခဲ့လို့ရပါတယ်။ အဆင်ပြေဆုံးတစ်ချက်ကတော့ Account Password ကို သူကိုလုံးဝပေးစရာမလိုတာပါပဲ။

သင်ရွေးချယ်ထားတဲ့ Legacy Contact တစ်ဦးက

သင့် Timeline မှာ post တင်လို့ရမယ်။Friend requests လက်ခံပေးလို့ရမယ်။သင့် profile picture ကို ပြောင်းပေးလို့ရမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။ဒါပေမယ့် သင့်ဆီရောက်လာတဲ့ မက်ဆေ့ခ်ျတွေကိုတော့ သူဖတ်လို့မရပါဘူး။သင့်အကောင့်ကို Log in လုပ်လို့မရဘူး။အရင်ကတင်ခဲ့တဲ့ post တွေကို ဖျက်လို့၊ ပြင်လို့မရဘူး။

ဒီလို Legacy contact တစ်ဦးကို ရွေးချယ်ဖို့

ဖေ့ဘုတ်ရဲ့ ညာဘက်ထောင့်က setting ထဲကိုဝင်ပါ။ထို့နောက် Security ထဲကိုဝင်ပါ။Legacy Contact ကိုရွေးပြီး သင်စိတ်ချယုံကြည်ပြီး ကိုယ့် account ကို လက်လွဲလို့ ရမယ့်သူကို သင့်ဖေ့ဘုတ်အကောင့်ကြီး အမွေပေးလိုက်ပါ။ ဒါဆို ဘာကိုမှ နောက်ဆံတင်းစရာ မလိုတော့ဘူးပေါ့။ အရေးကြီးဆုံးတစ်ချက်က သင် အသက် ၁၈နှစ် ပြည့်ပြီးမှ ဒီလိုလွှဲထားခဲ့လို့ရမှာပါ။

 စာဖတ်ပရိတ်သတ်ကြီးတို့ရော ကိုယ့်အကောင့်ကို လက်လွဲလို့ရလောက်တဲ့အထိ ဘယ်သူငယ်ချင်းကို ခင်မင်လဲ။ comment box မှာ mention ခေါ်လိုက်ပါအုံး။

Account Setting ထဲသွားပါ။



 Security ကိုနှိပ်ပါ



သူငယ်ချင်းကိုရွေးချယ်ဖို့  Leagacy Contact ထဲဝင်ပါ



Choose Leagacy Contact ကိုထပ်နှိပ်ပါ



မိမိ password ကိုထည့်ပြီး Continue ကိုနှိပ်ပါ



မိမိသူငယ်ချင်း အမည်ကိုရိုတ်ပြီး ရွေးချယ်လိုကပါ



သူ့ အကောင့်ကို လှန်းအကြောင်းကြားရန် မက်ဆေ့ကို Send နှိပ်ပြီးပို့ လိုက်ပါ



အောက်ပါပုံအတိုင်း ပြန်ထွက်ပါ


အောက်ပါပုံအတိုင်း သူငယ်ချင်းကို ရွေးချယ်ပြီးရင်တော့ မိမိ Facebook Account ကို သူ့ ကိုအမွေပေးထားနိင်ပါပြီ





အာကာ



Visit website

Thet Zaw

Thursday, July 14, 2016

♪ Android Phone ကို လက်တော့လို သုံးနိုင်မယ့် Superbook ♫


Superbook က လက်တော့ အခွံ ဖြစ်ပြီး ကီးဘုတ်နဲ့ မျက်နှာပြင်သာ ပါရှိပါတယ်။ Processor နဲ့ အခြား လက်တော့ အစိတ်အပိုင်းများ မပါရှိပါဘူး။ Superbook ကို Android Phone နဲ့ ချိတ်ဆက်လိုက်ရင် Android Laptop အဖြစ် သုံးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအတွက် Android Phone တစ်လုံးရှိရင် လက်တော့တစ်လုံး သီးခြား မလိုအပ်တော့ပါဘူး။Superbook နဲ့ တွဲဖက် အသုံးပြုဖို့ Android 5.0 နဲ့ သူ့အထက် ဖုန်းမှာ Andromium App ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဖုန်းကို လက်တော့နဲ့ USB ကနေ ချိတ်ဆက်ရမှာ ဖြစ် ပါတယ်။

Superbook မှာ Multitasking ပြုလုပ်နိုင်ပြီး Touchpad , Keyboard တို့လည်း ပါရှိပါတယ်။ စမတ်ဖုန်းကိုလည်း အားသွင်းပေးနိုင်ပါတယ်။ Superbook ကို ၉၉ ဒေါ်လာနဲ့ မကြာခင်မှာ ရောင်းချမှာပါ။

Credit to ==> Myanmar Digital Life Journal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>> 

www.pyaephyo.com

Visit website

by Thet Zaw