Monday, September 12, 2016

တယ်လီနော ဆင်းကတ်မျးကိုမှတ်ကုံတင်ရန်

တယ်လီနောရဲ့ မိုဘိုင်းဝန်ဆောင်မှုတွေကို သုံးစွဲနေကြသူတွေအနေနဲ့ ဆင်းကတ်တွေကို မှတ်ပုံမတင်ရ သေးဘူး ဆိုရင် မှတ်ပုံတင်သုံးစွဲကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ မိမိတို့ရဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ထားရှိမှု အခြေအနေကို မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်တွေကို သွားရောက်၍ ဖြစ်စေ၊ တယ်လီနော ကောလ်စင်တာ ကို ဖုန်းခေါ်ဆို၍ ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။ ဆိုင်လိပ်စာတွေကို အောက်ပါ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ https://www.telenor.com.mm/pagedetail/store-location/99
တနင်္လာနေ့ကစပြီးတော့လည်း မှတ်ပုံတင်ထားမှု အခြေအနေကို SMS ပို့ပြီး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ‘REG’ စာလုံးကိုရိုက်ပြီး ဖုန်းနံပါတ် ‘၅၀၀’ ကို ပေးပို့ပြီး  စစ်ဆေး နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းက တယ်လီနော ဆင်းကတ်ရောင်းချနေတဲ့ လက်လီဆိုင်တွေမှာလည်း ဆင်းကတ် မှတ်ပုံတင်ခြင်းကို လာမည့်လတွေမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တယ်လီနော အမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်တွေမှာ ဆင်းကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနေပါပြီ။ မိမိအသုံးပြုလျက်ရှိတဲ့ နံပါတ်ကို မှတ်ပုံတင်ဖို့ နိုင်ငံသားမှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားတွေအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြား သက်သေခံကတ်တစ်ခုခုရဲ့ မိတ္တူ လိုအပ်ပြီး လျှောက်လွှာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက် တွေ ပြည့်စုံမယ်ဆိုရင် မှတ်ပုံတင်ဖို့ မိနစ်အနည်းငယ် သာ ကြာမြင့်မှာ ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ခြင်းကို အခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါတယ်။ အွန်လိုင်းကနေ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နိုင်မယ့် နည်းလမ်းတွေ၊ ဆင်းကတ် မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက်၊ သတင်းမီဒီယာ တွေနဲ့ SMS တို့မှတစ်ဆင့် သုံးစွဲသူတွေကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက် အသိပေးသွားမှာ ဖြစ်ကြောင်း လည်း အသိပေးလိုပါတယ်။

No comments:

Post a Comment