Wednesday, August 24, 2016

သင့်ကွန်ပျူတာမှာ Memory (RAM) ဟာအပြည့်အဝအလုပ်လုပ်နေပါလာ?

သင့်ကွန်ပျူတာမှာ Memory (RAM) ဟာ အပြည့်အ၀အလုပ်လုပ်နေ
တာလား၊ ချွတ် ယွင်းမှုရှိသလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ?

အခြေခံအကျဆုံးနည်းလမ်းဟာ My Computer ကို မောက်စ်ညာက
လစ်နှိပြီး Propertise ကိုဖွင့်ပါ။ အဲဒီမှာ Installed memory (RAM)
ဘယ်လောက်ဆိုတာ ပြပါမယ်။ ဒါဆိုရင် တပ်ဆင်ထားတဲ့ RAM ကို
အပြည့်လက်ခံသုံးနေတယ်လို့ ယူဆနိုင် ပါတယ်။

Memory (RAM) စစ်ဆေးတဲ့ ဆော့ဖ်ဝဲများအဖြစ် Memtest86, RAM
test တို့ကို သုံး နိုင်ပေမဲ့ ရှုပ်ထွေးမှုတွေရှိနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နားမလည်တာကို ပြောတာ ပါ။ အဲဒီအထဲကမှ
Roakil's RAM Test Version 1.0 လေးက မဆိုးဘူးလိှု့ ဆိုနိုင် ပါတယ်။
51KB သာရှိတဲ့ Mem Test.zip ကို အွင်လိုင်းကနေ အခမဲ့ download
ချ ရ ယူနိုင်သုံးနိုင်ပါတယ်။ http://www.roadkil.net/program.php?ProgramID=34
အဲဒီမှာ RAM Read speed နဲ့ Write speed များ
ကိုဖော်ပြပေးပြီး error ရှိရင်လည်း ပြပေးမှာဖြစ်ပါတယ်။

တစ်ခါတလေ RAM Stick ကြောင့် မဟုတ်ဘဲ slot ကြောင့်လည်း
ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် RAM (Memory) မကောင်းမချင်တော့
ဘူးဆိုရင်…
1. Windows OS တင်နေတုန်း မကြာခဏ blue screen ပြခြင်း
2. ကွန်ပျူတာ သုံးနေတုန်း မကြာခဏ Restart ဖြစ်ခြင်း ဒါမှမဟုတ်
blue screen ပြခြင်း RAM stick များပူရင်လည်း ဖြစ်တတ်ပါတယ်။
၃။ 3D ဂိမ်းလို အမြင့်ဂိမ်းများ ကစားရင် ကွန်ပျူတာထိုးရပ်သွားခြင်း
Potoshop လို ဆော့ဖ်ဝဲ များများ သုံးရင် hang သွားခြင်း
၎။ Display Screen မှာ ဂရစ်ဖစ်ပုံများ ပုံပျက်ရနေခြင်း
(ဒါဟာ ဂရပ်ဖစ်ကတ်ကြောင့် လည်း ဖြစ်တတ်ပါတယ်။
၅။ ကွန်ပျူတာဖွင့်ရင် boot မတက်ခြင်း
၆။ ကွန်ပျူတာဖွင့်ရင် beeps သံရှည်ထွက်ကာ BIOS မတက်ခြင်း
၇။ အသိသာဆုံးက ကွန်ပျူတာဖွင့်ရင် ညှော်နံ့ထွက်ခြင်း ဒါမှမဟုတ်
မီးခိုးထွက်ခြင်း (ဒီလိုအခြေအနေမျိုးဖြစ်ခဲ့ပေမဲ့ RAM stick နဲ့ slot
တို့ လျှပ်စစ် Short ဖြစ်တဲ့အခါ ဖြစ် တတ်ပါတယ်။ အထက်ပါအချက်
များဟာ RAM ပျက်တက်လို့ ပုံသေပြောလို့ မရ ပေမဲ့ RAM ကို
စစ်ဆေးဖို့လိုလာပါမယ်။

(ကျွန်တော်ရဲ့နည်းပညာမှတ်စု)

လေးစားစွာဖြင့်
NayLinHtet (အိုင်တီလမ်းညွှန်)
Page....www.facebook.com/nlhitguide
Group..https://www.facebook.com/groups/itguidenlh/

No comments:

Post a Comment