Thursday, September 24, 2015

How to Reset Ink Level For Any Canon Series

How to Reset Ink Level For Any Canon Series Yesterday Thet Zawby Ko Kyaw Refill မင်ရည်ထည့်ထားသော Canon Series Printer တစ်လုံးမှ Cartridge ဆေးဘူး (၂)ဘူးအား မိမိ ၀ယ်ယူစဉ်လာစဉ်ကအတိုင်း Ink Level အပြည့်လေး ပြန်ဖြစ်သွားအောင်လို့ စမ်းသပ်ကြည့်ရအောင်ပါ။ ဒီ နည်းလမ်း ကတော့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး အခြားသော Canon Series များအတွက်ပါ နည်းလမ်း တူညီစွာပင် ပြုလုပ်နိုင်ပါသေးတယ်။ လက်တွေ့ကျကျ စမ်းသပ်ချက်အရ တကယ်ကောင်းတဲ့ Solution တစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။ Refill ဖြည့်ပြီးနောက် အောက်ဖော်ပြပါ Step (၁၀)ချက်အတိုင်း အဆင့်ဆင့် ပြုလုပ်သွားပါက အဆင်ပြေပါလိမ့်မည်။ Safe Factory Method (1) Power Cable ကြိုးကို ဆွဲဖြုတ်ထားပါ။ (2) ထို့နောက် Power (On/Off) ကို ဖိထားလျှက် Power Cable ကြိုးကို ပြန်တပ်လိုက်ပါ။ (3) Power button ကို ဖိထားလျှက်နှင့်ပင် တဆက်တည်း Stop/Reset ဆိုတဲ့ အနီရောင် Triangle ကို နှစ်ကြိမ်ဆက်၍ ဖိနှိပ်လိုက်ပါ။ (4) ပြီးတော့ Power button ကို လွှတ်လိုက်ပါ။ ဒါဆိုရင် 10 စက္ကန့်လောက် ကြာတဲ့အခါမှာ Printer ကနေ number 0 ကို မြင်ရပါလိမ့်မယ်။ (5) ပြီးတော့ + ကို ထပ်မံပြီး (၁)ချက်နှိပ်လိုက်ပါက သူ့ရဲ့ Value ဟာ 0 ကနေ 1 ကို ပြောင်းသွားပါလိမ့်မယ်။ (6) အဲဒီလို 1 လို့ ပြောင်းသွားပြီဆိုရင် Color button ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် မီးလုံး(၂)လုံး လင်းလာ ပါလိမ့်မယ်။ အဲဒီ့အတွက် Printer မှာ စာရွက် (၂)ရွက်လောက်ကိုတော့ ထည့်ထားပေးပါ။ (7) Power button ကို (၂) ချက် ဖိနှိပ်လိုက်ပါ။ ထို့နောက် Color button ကို (၁) ချက်ဖိနှိပ်ပါ။ ဒါဆိုရင် Printer ကနေ Print Test ပုံစံမျိုး Print လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ပါမယ်။ အဲ့ဒီအတွက် မစိုးရိမ်ပါနဲ့။ Line တွေ၊ number လေးတွေ နည်းနည်းပါးပါးပါတဲ့ စာလောက်ပါပဲ။ မင်ကုန်သွားမှာ မပူရပါဘူး။ အဲဒီလို Print ထုတ် ပြီးတာနဲ့ သူ့ရဲ့တန်ဖိုးဟာ 0 ကို ပြန်ပြောင်းသွားပါလိမ့်မယ်။ (8) ဒါဆိုရင်တော့ Printer Cover ကို ဖွင့်လိုက်ပါ (Scanner Cover မဟုတ်ပါ)။ ပြီးတော့ Cartridges ဆေးဘူး တွေကို အပြင်သို့ဖြုတ်ထုတ်လိုက်ပါ။ အဲဒီလိုပြီးနောက် Printer ဖွင့်ထားလျှက်နှင့်ပင် Printer Power Cable ကြိုးကို ဆွဲဖြုတ်လိုက်ပါ။ (9) ပြီးနောက် Printer ကို အဖုံးပြန်အုပ်ပေးထားပြီး Printer Cable ကြိုးကို ပြန်တပ်ပြီး Power ကို ပြန်ဖွင့် လိုက်ပါ။ (10) ဒါဆိုရင် Printer အဖုံးဖွင့်ပြီး Refill Cartridges ဘူးများကို ပြန်ထည့်လိုက်လို့ ရပါပြီ။ မူရင်း ရေးသားသူ ကိုကျော်မင်းထူး & နေနေမှ ကူးယူမျှဝေသည် ..

No comments:

Post a Comment